ရည်ရွယ်ချက် နှင့် ရည်မှန်းချက်

ရည်ရွယ်ချက်

(၁) နည်းပညာနှင့် သက်မွေးပညာကဏ္ဍအတွက် လူ့စွမ်းအားအရင်းအမြစ်များ စဉ်ဆက်မပြတ် မွေးထုတ်ရန်

(၂) ပညာရေး၏ အရေးကြီးထောက်တိုင်အဖြစ် နည်းပညာ/သက်မွေးပညာရေးနှင့် ဆက်စပ်ကဏ္ဍ များ ဖွံ့ဖြိုးတိုးတက်စေရန်

(၃) စဉ်ဆက်မပြတ်သင်ယူမှုအခွင့်အလမ်းနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်၍ လူမှုဘဝတိုးတက်ရေး အထောက်အကူပြုရန်

ရည်မှန်းချက်

(၁) အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း နှင့်အညီ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရေး

(၂) ခေတ်မှီကောင်းမွန်သော စီမံ/ သင်ကြား လက်တွေ့လုပ်ငန်းများ ဖော်ဆောင်၍ အရည်အသွေး ပြည့်ဝသော သင်တန်းသားများ ပြုစုပျိုးထောင်ရေး

(၃) ဆန်းသစ်တီထွင်မှုများကို အားပေး၍ တက်ကြွတိုးတက်သော ပညာရေးပတ်ဝန်းကျင် ဖန်တီး တည်ဆောက်ရေး

(၄) လိုအပ်ချက်နှင့်အညီ သင်တန်းသစ်များဖော်ဆောင်၍ သဟဇာတဖြစ်သော နည်းပညာနှင့် သက်မွေးပညာတိုးတက်ရှင်သန်ရေး